ရွာငံမြို့နယ်၌ ၂၀၂၂ ခုနှစ် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/ သူများအား ဂုဏ်ပြုဆုချီးမြှင့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၂၀၂၂ ခုနှစ်၊ အောင်ချက် အကောင်းဆုံးကျောင်းများနှင့် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် ထူးချွန်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  အထက ရွာငံပြဒါးလင်းခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းခုတ်မြို့၌ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဉာဏ်စမ် ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်များအား အစဉ်အမြဲအမှတ်ရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်

မြိုင်မြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ e-ID စနစ် software Program ရိုက်ကူးနည်းသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) e-ID စနစ် Software Program အတွင်း ရိုက်ကူးနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်ထွေအုပ်ရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဗန်းမော်မြို့နယ် စီဟဲကျေးရွာ၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကျင်းပ  

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉၀)စက်မှုလယ်ယာစခန်း၊ ဗန်းမော်မြို့မှ ဦးဆောင်၍ ကောက်စိုက်စက်(၆-တန်းသွား)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီက ဗန်းမော်မြို့နယ် စီဟဲကျေးရွာ

ရွှေကူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌  (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre )ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခန့်က (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်ခဲ့သည့် နေအိမ်များအတွက် ရန်ပုံငွေများထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့နှင့် ၁၅ရက်နေ့က ဖြစ်ပွားခဲ့သည့် မြစ်ကမ်းပါပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်ခဲ့သည့် နေအိမ်များအတွက် ယမန်နေ့နံနက် ၁၁နာရီအချိန်က ရန်ပုံငွေများထောက်ပံ့ပေးအပ်ခဲ့သည်။

ကျောက်တံခါးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ(၁၉)ရက် နေ့တွင်ကျရောက်ရှိမည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အဖြစ် နံရံကပ်စာစောင်ပြ သခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ်အတွင်း ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေပေးရေးလုပ်ငန်းများဆောင်ရွက်မည်

မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေပေးရေးလုပ်ငန်းများကို

ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း

(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာရွတ်၊ ဆောင်းပါးရေးပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃၁) အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to