(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

လမိုင်း ဇူလိုင် ၁၇

မွန်ပြည်နယ်၊ လမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၁)နာရီက လမိုင်းမြို့(ပြန်/ဆက်)ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးညီညီမင်းက စာစီစာကုံးပြိုင်ပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး အ.မ.ကကျောင်းမှ ကျောင်းသား/သူ (၁၀)ဦးတို့က “အာဇာနည်နေ့ဒို့မမေ့” ခေါင်းစဉ်ဖြင့် စာစီစာကုံးဝင်ရောက်ဖြေဆိုခဲ့ကြပြီး ကျောင်းသား/သူ (၆)ဦးတို့က “အာဇာနည်သစ်ဆီသို့”ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတို့က အာဇာနည်နေ့နှင့်ပတ်သက်သည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ပြီး ဆုရရှိသူများကို တာ၀န်ရှိသူများက အသီးသီးဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဖြူဖြူအေး(ပြန်/ဆက်)