သင်္ဃန်းကျွန်း ဇူလိုင် ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင် ရန်အတွက် စစ်ကိုင်းစာသင်တိုက်ရှိ၊ သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose(Covid Shield) အားယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
First Dose၊ Second Dose ထိုးနှံပြီးသောသံဃာတော်များအား Booster Dose(Covid Shield) ကာကွယ်ဆေးကို ရာနှုန်းပြည့်ပြီးစီးရေး ကွင်းဆင်း၍အခမဲ့ထိုးနှံပေးခြင်းဖြစ်သည်။ ကာကွယ်ဆေးထိုးနှံရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲတို့မှ လိုအပ်သည်များဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစင်တာများဖွင့်လှစ်ထားရှိပေးပြီး နေ့စဉ်ပြည်သူများ အားကိုဗစ်(၁၉) ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)