ပုသိမ် ဇူလိုင် ၁၇
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက်တွင် နှစ်စဉ် မျက်စိအလင်းဌာနအလှူပြုလုပ်ခဲ့ရာ ယခင်နှစ်များ၌ ကိုဗစ်-၁၉ရောဂါအခြေအနေများကြောင့် မျက်စိအခမဲ့ခွဲစိတ်ပေးခြင်းကို မပြုလုပ်ပေးနိုင်ခဲ့သော်လည်း ယခု ၂၀၂၂ ခုနှစ် (၅)ပိုင်းမှ စတင်ကာ တစ်လ(၁)ကြိမ် မျက်စိအလင်းဒါနအလှူ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အီးတီ ကျန်းမာရေးဖောင်ဒေးရှင်း မျက်စိအခမဲ့ခွဲစိတ်ကုသဆေးခန်း မျက်စိအလင်းဒါနအလှူတော်ကို The Fred Hollows Foundation မှ ကူညီထောက်ပံ့လှူဒါန်းပေးပြီး၊ မြို့တော်အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာမှ လုပ်အားဒါန ကုသိုလ်ပြုပါ၀င်လှူဒါန်းကာ ၂၀၂၂ ခုနှစ် (၅)လပိုင်းတွင် မျက်စိဝေဒနာရှင် (၇၈၄)ဦး၊ (၆)လပိုင်းတွင် (၃၃၁)ဦးတို့အား အောင်မြင်စွာ အခမဲ့ခွဲစိတ်ပေးခဲ့ပြီး၊ (၁၄.၇.၂၀၂၂ မှ ၁၇.၇.၂၀၂၂) ရက်နေ့ထိ မျက်စိဝေသနာရှင် (၂၅၀)ဦးအား ခွဲစိတ်ပေးလျက်ရှိခဲ့ကြောင်း သိရသည်။
ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင်များအနေဖြင့် မျက်စိခွဲစိတ်ကုသလိုပါက ပုသိမ်မြို့၊ တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက်၊ ဖုန်းနံပါတ် ၀၉-၄၄၃၃၄၇၀၉၀ နှင့် ၀၉-၉၄၃၃၂၉၆၃၃ တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး မျက်စိဒါနအလင်းကုသိုလ်အလှူ၌ သဒ္ဒါကြည်ဖြူ၍ ပါ၀င်လှူဒါန်း လိုသူများအနေဖြင့်လည်း ဆက်သွယ်၍ လှူဒါန်းနိုင်ပါကြောင်း သတင်းရသည်။
မြင့်ဟန်