အုတ်တွင်း ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ် များ စာပေ ဖတ်ရှု့သည့် အလေ့ အကျင့်များရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရေး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ စာဖတ်ခြင်းဖြင့် အသိအမြင်ကျယ်စေရန်၊ လူတော်လူကောင်းထူးချွန်ထက်မြက်သူ၊ အနာဂတ်လူငယ်လေးများ ဖြစ်အောင် ကြိုးစားတတ်စေရန်၊ ဆရာများက တပည့်များအပေါ်မှာထားရှိတတ်ကြသည့် ဆရာတွေရဲ့မေတ္တာစေတနာများနှင့် ဆရာ့ကျေးဇူးသိရှိစေရန်ရည်ရွယ်၍ စာရေးဆရာမောင် ရင့်မာ (ကျောင်းကုန်း) ရေးသားသည့် “ဆရာ့ရင်မှတေး တစ် ပုဒ်'” အက်ဆေးဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်ကစာဖတ် ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းကို စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)ဥက္ကဋ္ဌ စာရေးဆရာ ဦး ခင်မောင်ချို(ကညွတ်ကွင်း)နှင့် အဖွဲ့ဝင်များမှ ဆရာ့ရင်မှတေး တစ်ပုဒ်အက်ဆေးပါ အကြောင်းအရာများ ကိုတက်ရောက်လာသော စာပေဝါသနာရှင်များနှင့် အချင်းချင်းအမြင်ခြင်း ဖလှယ်ကာ အ ပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာဖတ်ဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာဦးခင်မောင်ချို (ကညွတ်ကွင်း)နှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၃)ဦးတက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာသူများအား မြို့နယ်ဦးစီးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)