ပင်လောင်းမြို့နယ်၌ ဒညင်းသီးပေါ်ချိန် မိသားစုဝင်ငွေရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ဒညင်းသီးများရင့်ကြပြီး ခူးဆွတ်ရောင်းချကြရာ မိသားစုဝင်ငွေများ တစ်ပိုင်တစ်နိုင်ရရှိကြသည်။

လှည်းကူးမြို့နယ် အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်းပညာရေးကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါမှကင်းဝေးပြီး  ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ အခြေခံပညာ ကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ခရိမ်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ကျုံတာကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ပထမ အ ကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးအခြေခံပညာအဆင့်ပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် (အထက-သရက်ချောင်း) ပညာရတနာခန်းမ၌ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးအခြေခံပညာအဆင့်ပြိုင်ပွဲကို ယမန်နေ့က  ကျင်းပခဲ့ကြောင်းသိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး အသက်(၂၅)နှစ်အောက် ကြက်တောင်ရိုက် ပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး အသက်(၂၅) နှစ်အောက် ကြက်တောင်ရိုက် ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁)ရပ် ကွက်၊ ပဒုံမာလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ပင်လောင်းမြို့နယ်တွင်Good Agricultural Practices(GAP)အသိအမှတ်ပြု လက်မှတ်များပေးအပ်

စိုက်ပျိုးရေးတောင်သူများအနေဖြင့် Good Agricultural Practices(GAP)စနှစ်ဖြင့် စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်းမွန်၍ စျေးကွက်ဝင်ထုတ်ကုန်များဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် လက်ဖက်စိုက်တောင်သူများအား

ကမမောင်းမြို့၌ ခြင်ကျားကင်းစင်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ခြင်ကျားကင်းစင်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မိုင်းယောင်းမြို့၌ ကျောင်းဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အ.လ.က(တပ်တွင်း) ကျောင်းဝင်းအတွင်း၌ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင်(၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ဆုချီးမြှင့်ပွဲနှင့်နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမတွင်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲ၊ နံရံကပ် စာစောင်ဓာတ်ပုံပြပွဲကို  ယမန်နေ့  မွန်းလွဲ(၁)နာရီအချိန်ကကျင်းပခဲ့သည်။

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယဆေးထိုးပေးနိုင်မှု ၅၅၇၉၀၀ ဦး ထိုးပေးနိုင်ပြီဖြစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ဇူလိုင် ၁၈ ရက်နံနက်ပိုင်းအချိန်ထိ ၅၅၇၉၀၀ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် Oxygen Plant မှအောက်စီဂျင်များ ဖြန့်ဝေပေး

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံးကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချပေးသော Containor Oxygen Plant စက်ကြီးဖြင့် ထုတ်လုပ်ရာတွင်၂၀၂၂ ခုနှစ် မတ်လမှ ဇွန်လထိ 40L (၁၉၂)လုံး၊ 15L (၁၁၁)လုံး၊ 10L (၁၂)လုံး စုစုပေါင်း (၃၁၅)လုံး ထုတ်လုပ်နိုင်ခဲ့ပါသည်။
Subscribe to