မြို့သစ်မြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆောင်ရွက်

မြို့သစ် ဇူလိုင် ၁၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (BookClub)အဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန တွင် ယနေ့ နံနက်(၁၀)နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး (Talk Show)တွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များဖြစ်သည့် ဆရာကြီးဦးကံရင်၊ ဦးမြင့်ကြည်၊ ဦးတင်ရွှေတို့မှ အာဇာနည်ကြီးတို့၏ သမိုင်းအကျဉ်းနှင့် အသိပညာပေး အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)