မိုင်းလုံမြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  Talk Show ဆောင်ရွက်

မိုင်းလုံ ဇူလိုင် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေပြုဗဟိုဌာန (Community Centre)တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  Talk Show ကို ယနေ့ နံနက်(၁ဝး၀၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် Book Club အသင်းအဖွဲ့ဝင် ဦးသာအောင်မှ အာဇာနည်နေ့သည် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ တစ်ရက်ဖြစ်ကာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦး နှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးသည့်နေ့ကို အာဇာနည်နေ့ဟု သက်မှတ်ပြီး ကျင်းပရသည့်အကြောင်းများကို အပြန်အလှန် ဆွေးနွေးပေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းလုံမြို့ရုံးမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးဌေးလင်းဇော်တို့က ပါဝင်ဆွေးနွေးခဲ့ရာ  ယခုလို(Talk Show)များကို မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် တစ်လတစ်ကြိမ် လစဉ်ဆောင်ရွက်ပေးပြီး မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Monglong Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ပြောကြားခဲ့သည်။

ဇော်ဇော် (ပြန်/ဆက်)