ဒေးဒရဲမြို့၌ မိုးရာသီ (အဆင့်မြင့်) အားကစားသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ဒေးဒရဲ ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော မိုးရာသီ (အဆင့်မြင့်) အားကစား သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကော်မတီဝင်များ တက်ရောက်၍ ဆုရရှိသော အသင်းများနှင့် အတိုးတက်ဆုံး ကစားသမားဆုများကို  အသီးသီး ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားသင်တန်းကို ၂၀၂၂ ခုနှစ် ဇွန်လ (၃၀)ရက်နေ့မှ ဇူလိုင်လ(၁၉) ရက်နေ့အထိ ဘောလုံး အားကစားသင်တန်းအဖြစ် (U-၁၆) အမျိုးသား(၆၈)ဦး၊ (U-၁၈) အမျိုးသမီး (၁၅)ဦး၊ ပြေးခုန်ပစ် အမျိုးသား (၅)ဦးနှင့် အမျိုးသမီး(၅)ဦး၊ စုစုပေါင်း(၉၃)ဦး တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။

အေဇာလင်း