ကျွန်းလှမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကွင်းဆင်း ဆောင်ရွက်

ကျွန်းလှ ဇူလိုင် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူများ မိုးရာသီ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျွန်းလှမြိုနယ် ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာဝင်းဇော်ဌေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက နေအိမ်များအတွင်း ပိုးလောက်လန်းမှ ခြင်ပေါက်ပွားနိုင်သော အိမ်သုံးပစ္စည်းများ၊ စွန့်ပစ်ပစ္စည်းများအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ရေသိုလှောင်ကန်များ အဘိတ်ဆေးခတ်ခြင်းနှင့် ပြည်သူများကို အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကြ‌ကြောင်း သိရသည်။

ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် စာသင်ကျောင်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် လမ်းဘေးဝဲယာများအား  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ