ရမ်းဗြဲမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်ဆေးမှုတ်ခြင်းနှင့် ဖုံး သွန်၊ လှဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

ရမ်းဗြဲ ဇူလိုင် ၂၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့မှ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ခြင်မှတဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ခြင်ဆေးမှုတ်ခြင်းနှင့် ဖုံး၊ သွန်၊ လှဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာခိုင်ထွန်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်တို့တွင် ခြင်များခိုအောင်းနိုင်သော နေရာများ စာသင်ခန်းများထဲသို့ ခြင်ဆေးများမှုတ်ခြင်း ကျောင်းသုံးရေကန် ရေပုံးများတို့တွင် ခြင်းများ မပေါက်ဖွားနိုင်စေရန် အဘိတ်ဆေးများခတ်ပေးခြင်း ဖုံး သွန် လှဲ စစ် လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့မှ ပူးပေါင်းမှုဖြင့် မိုးရာသီကာလအတွင်း ခြင်ကြောင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာ ကွယ်နိုင်ရေးနှင့်    ခြင်များပေါက်ပွားမှု မရှိစေရေးအတွက်    ခြင်ဆေးဖျန်းခြင်းနှင့် ဖုံး၊ သွန်၊ လှဲ၊ စစ် လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)