မက်မန်းမြို့၌ ဘက်စုံသုံးခန်းမဆောင်အဆောက်အဦဖွင့်ပွဲ အခမ်းအနားကျင်းပ

မက်မန်း ဇူလိုင် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အေးကျန့်ကျေးရွာအုပ်စု၊ ကန်နကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမ(၆)လဘက်ဂျက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးခဲ့သည့် ဘက်စုံသုံးခန်းမဆောင်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၁၀၁၀)နယ်ခြားစောင့်တပ် တပ်မှူးစိုင်းယီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ခရိုင်ဦးစီးမှူး ဦးဆန်းမင်းနှင့် မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်တို့က ဘက်စုံသုံးခန်းမဆောင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကာ ဘက်စုံသုံးခန်းမဆောင်ကို လှည့်လည်ကြည့်ရှု့ခဲ့ကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဘက်စုံသုံးခန်းမဆောင်ကို မက်မန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ(၆)လဘက်ဂျက် မတည်ရန်ပုံငွေကျပ်(၁၀)သန်းနှင့် ကျေးရွာနေပြည်သူများ ထည့်ဝင်ငွေ(၂၁)သန်း စုစုပေါင်းကျပ် (၃၁)သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)