ဝါးခယ်မ ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်၊ စာငှားလာသူ ကလေးသူငယ်များနှင့် အရုပ်ခေါက်ပြိုင်ပွဲကို ယနေ့ နေ့လည် ၁၂ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းသို့ပြုလုပ်ရာတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီလွင်မှ မိမိတို့စိတ်ကြိုက် အရုပ်များကို ရောင်စုံစက္ကူများဖြင့် ပြုလုပ်၍ ပထဆုံးအရုပ်ခေါက်ပြီးစီးသူအား ဆုလက်ဆောင် ချီးမြှင့်မည်ဖြစ်ကြောင်းနှင့် ယခုလိုပြိုင်ပွဲများ ပြုလုပ်ရချင်းသည် ကလေးသူငယ်များ၏ ယှဉ်ပြိုင်ရဲရင့်လိုသောစိတ်၊ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ အနာဂတ်လူတော် လူကောင်းများ ပေါ်ထွန်းလာစေရန်နှင့် လက်တွေ့ဘဝတွင် ကြောက်ရွံ့မှုမရှိဘဲ ဖြတ်သန်းသွာလာနိုင်စေရန် ရည်ရွယ်၍ ယခုလို ပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲတွင် အနိုင်ရရှိသူ ကလေးသူငယ်များကို ဆုများချီးမြှင့်၍ မုန့်နှင့် အချိုရည်များကို ကျွေးမွေးခဲ့ကြောင်းနှင့် ကလေးသူငယ်များမှလည်း ပြိုင်ပွဲကို ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)