မိုးနဲ ဇူလိုင် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးသီးနှံနေကြာ (၅၂)ဧကကို စိုက်ပျိုးထားပြီး နေကြာစိုက်ပျိုးရန်အတွက် လိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိနိုင်ရေး၊ သိပ္ပံနည်းကျစိုက်ပျိုးရေး၊ အပင်ပြုစုစောင့်ရှောက်ရေးနည်းစနစ်များ၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများကို တောင်သူများ အချိန်မီသိရှိနိုင် စေရန်အတွက် မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်၊ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိ ရာနေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း စားသုံးဆီဖူလုံမှုရရှိစေရန်ရည်ရွယ်၍ ကျေးရွာအုပ်စု (၁၁)အုပ်စုရှိတောင်သူများ ယာမြေနေရာများ၌ ဆင်းရွှေကြာ(၅)ဧက နေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်းနှင့် ရေဆင်းစပ်မျိုး(၁) နေကြာ ၄၅ ဧက စုစုပေါင်း ၅၂ ဧကကိုလည်းကောင်း စိုက်ပျိုးထားရှိပြီး လာမည့်ဆောင်းရာသီတွင် ဆောင်းသီးနှံနေကြာကို ပိုမိုတိုးချဲ့စိုက်ပျိုးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)