တာမိုးညဲမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

တာမိုးညဲ ဇူလိုင် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ သန့်ရှင်းသာယာလှပစေရန် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန့်နေ့(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တာမိုးညဲ-ကွတ်ခိုင်ကားလမ်းမကြီးတစ်လျှောက်၊ မြို့ဝင်ဆိုင်းဘုတ်အနီးတွင် စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်များအား ယာဉ်စက်ယန္တရားများဖြင့် အသုံးပြုကာ ရှင်းလင်းဖယ်ရှားခြင်း စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဌေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ခွဲစည်ပင်သာယာရေးဌာန တာဝန်ခံ ဦးဝင်းလွင်ဦးနှင့်ဝန်ထမ်းများ၊ တာမိုးညဲပြည်သူ့စစ်မှ ဦးသန်းဝင်းနှင့်အဖွဲ့များ၊ ဖြူစင်မေတ္တာလူမှုကူညီရေးအဖွဲ့ဝင်များမှ စည်းကမ်းမဲ့အမှိုက်များအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။

(ခေါန်မိုင်)တာမိုးညဲ