ပြည်ခရိုင်၊ ကျေးလက်ဦးစီးမှူး၊ ပေါက်ခေါင်းမြို့နယ် ကျေးရွာ‌(၄)ရွာရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

ပေါက်ခေါင်း ဩဂုတ် ၁

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ၊ ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း၊ ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်ခြင်းနှင့်‌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်း၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဦးစီးမှူး ဦးဌေးဇော်နှင့် ဝန်ထမ်းများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေသည့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၂၄ ဒသမ ၁၅ သန်းဖြင့် ဖိုကုန်းကျေးရွာတွင် အကျယ် ၄ ဒသမ ၅ လက်မ၊ အနက်ပေ ၅၀၀ ရှိ သောက်သုံးရေ တွင်းတူးဖော်ခြင်းလုပ်ငန်း၊ ဗောဓိကုန်းကျေးရွာတွင် အရှည် ၁/၁.၅၄၅ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိသော ကျေးလက်ကုန်ထုတ်လမ်းမြေနီ ကျောက်စရစ်ခင်းခြင်း လုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေကျပ် ၇၇ ဒသမ ၄၂၅ သန်းဖြင့်လည်း‌ကောင်း၊ ဆင်ဖြူကန်ကျေးရွာရှိ အရှည် ၀/၅.၅၆၇ မိုင်၊အကျယ် ၁၂ ပေ၊ထု ၉ လက်မနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ၅၀ ဒသမ ၆၇၃ သန်းအသုံးပြု၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်ခြင်းလုပ်ငန်းနှင့် ဆည်ကြီးကွက်သစ်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့်‌ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းများအား ပြည်ခရိုင်‌ကျေးလက်ဦးစီးမှူးနှင့် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဦးစီးဌာန တာဝန်ရှိသူများမှ လိုအပ်သည့် လုပ်ငန်းလမ်းညွှန်မှုများနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တို့ကို ကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)