ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်

ဒဂုံမြောက် ဩဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့သည် နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန်၊ မြို့သန့်ရှင်းသာယာ လှပစေရန်၊ ရေစီးရေလာကောင်းမွန်စေရန်၊ မိုးရေတိုက်စား၍ လမ်းများပျက်စီးမှုမရှိစေရန် ရည်ရွယ်၍ အုတ်စီရေမြောင်းတူးဖော်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အုပ်စီရေမြောင်းတူးဖော်တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၁၉၀၀  ဖြင့် (၅၁)ရပ်ကွက်ရှိ ရာဇသင်္ကြန်လမ်းတွင် (၁၃၀၀ ပေ × ၅ ပေ × ၅ပေ) မြောင်းဖုံး ၄ လက်မနှင့်(၃၅)ရပ်ကွက် ဘုရင့်နောင်လမ်းတွင် ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၃၃၃၀ ဖြင့်(၂၁၀၀ ပေ × ၅ ပေ × ၅ပေ) မြောင်းဖုံး ၄ လက်မရှိ အုတ်စီရေမြောင်းတို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၄၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ ရေစီးရေလာဌာန တာဝန်ခံအင်ဂျင်နီယာထံမှ သိရသည်။

မြင့်မြင့်ရီ