ကလိန်အောင်မြို့၌ ရဟန်းသံဃာတော်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် ထပ်ဆောင် Booster Dose စတင်ထိုးနှံ

ကလိန်အောင်  ဩဂုတ် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ရဟန်းသံဃာတော်များနှင့် ဌာနဆိုင်ရာဝန်ထမ်းအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး သုံးကြိမ်ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး  ယနေ့နံနက် (၁ဝ) နာရီက ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတုတ္ထအကြိမ်ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရဟန်းသံဃာတော်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကာကွယ်ဆေး သုံးကြိမ်ထိုးနှံပြီးသော ရဟန်းသံဃာများနှင့် ဌာနဆိုင်ရာဝန်ထမ်းအား ထပ်ဆောင် Booster Dose ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ကျန်းမာရေးဆရာမ ဒေါ်ထက်စုဝိုင်းနှင့် ကျန်းမာရေးဝန်ထမ်းက ထိုးနှံပေးခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပြီး သူများအား မိနစ်(၃၀)ခန့် စောင့်ကြည့်ကာ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ကလိန်အောင်မြို့  မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ခင်လဲ့