လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန်က အသက်(၁၈)နှစ်နှင့်အထက်ရှိ သူများအား ကာကွယ်ဆေးထိုးနှံ သူစုစုပေါင်း (၄၇၁) ဦးရှိကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး Mask Campaign ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်းအဖွဲ့မှ Mask Campaign နှင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက်၈နာရီက လူသွားလူလာစည်ကားသည့် ဘုရားကြီးလမ်းတစ်လျှောက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစိုးရနည်းပညာအထက်တန်းကျောင် (ဘားအံ) ၌ သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းများဆင်း

ကရင်ပြည်နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) တွင် ဖွင့်လှစ်သည့် သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်း အပတ်စဉ် (၃/၂၀၂၂) အခြေခံကွန်ပျူတာသင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်းနှင့် ဆံပင်ညှပ်သင်တန်းများဆင်းပွဲကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အဆိုပါသင်တန်းကျောင်း နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များ အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက Mobile Library ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကလေးသူငယ်အခွင့်အရေးများ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပ

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကလေးသူငယ်အခွင့်အရေးများ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို အများပြည်သူပိုမိုသိရှိ နားလည်နိုင်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ Quick Win Project အစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အခြေခံပညာအထက်တန်းကျောင်း (မင်းကုန်း)၌ အသိပညာပေးဟောပြောခဲ့သည်။

လောင်းကစားဥပဒေဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လောင်းကစားဥပဒေဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နေ့လယ်ပိုင်းတွင် ကျင်းပခဲ့သည်။

သာစည်မြို့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဝါးခယ်မတွင် ကျောင်းသား၊ ကျောင်းသူများအား စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရေး အသိပညာပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများအား အမှိုက်စွန့်ပစ်ရာတွင် စနစ်တကျရှိစေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အ.ထ.က (၁)၊ အ.ထ.က(၂) ကျောင်းများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအတွက် ညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်လ ယနေ့ နံနက် ၁၀ နာရီက

ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေမှု ၅၇ ရာခိုင်နှုန်းခန့် ပြီးစီး၍ ဆက်လက် ပြီးစီးရေး ကြိုးပမ်း ဆောင်ရွက်နေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာတွင် ကျေးရွာနေပြည်သူများ ရာသီအလိုက် သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်နှင့် လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် တင်ပို့ရောင်းချနိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁/၁ ဒသမ ၈၄ မိုင် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၅၇ ရာခိုင်နှုန်းခန့် ပြီးစီးပြီးဖြစ်ကာ
Subscribe to