တောင်ဥက္ကလာပ ဩဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်(၁၀) နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
အသိပညာပေး ဆွေးနွေးပွဲတွင် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင် စာရေးဆရာမ အေးချမ်းအိမ်မှ လူငယ်လူရွယ်များ၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တမဏ္ဏိုင်ကို အကြီးမားဆုံးလှိုက်စားဖျက်ဆီးနိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်အား အသိပညာဗဟုသုတရရှိစေရန်၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီးရှောင်ရှားနိုင်ရန်၊ အန္တရာယ်မကျရောက်စေရန်အတွက် စာရေးဆရာ တက္ကသိုလ်စိန်မြင့်ထွန်း ရေးသားသော မူးယစ်အန္တရာယ် လူ့ရန်စွယ်ကာကွယ် တိုက်ဖျက်လက်ချင်းဆက်စာအုပ်ပါ မူးယစ်ဆေးဝါးအန္တရာယ်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ်များကို ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)