မိုးကောင်းမြို့နယ် လွဲလောနိကာယသံဃာပဝါယဏာ ကျောင်းထိုင်ဆရာတော်များ၏ သတ္တမအကြိမ် နှစ်ပတ်လည်စုံညီအစည်းအဝေးကျင်းပ

မိုးကောင်း ဩဂုတ် ၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာအုပ်စု ပင်းဘော+ရေတွင်းကုန်း သောဘဏာရာမကျောင်း၌ လွဲလောနိကာယ သံဃာပဝါယဏာ ကျောင်းထိုင်ဆရာတော်များ၏ သတ္တမ အကြိမ် နှစ်ပတ်လည်စုံညီအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး သဘာပတိဆရာတော် ဆားမှော် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပဏ္ဍာဝံသမှ ဩဝါဒကထာ မြွတ်ကြားတော်မူသည်။ ဆက်လက်၍ လွဲလောနိ ကာယဆိုင်ရာ စည်းမျဉ်းဥပဒေများ၊ ရန်ပုံငွေဖတ်ကြားခြင်း၊ အကျိုးတော် ဆောင်ဆရာတော် များ ဖွဲ့စည်းခြင်းနှင့် သာသနာတော်အဓွန့်ရှည်လျားနိုင်ရန် သာသနာတော် ကိစ္စရပ်များ ဆွေးနွေးတိုင်ပင် စည်းဝေးခဲ့ကြသည်။

နှစ်ပတ်လည်စုံညီ အစည်းအဝေးကို နန့်ခွင်နှင့် လွဲလောကျေးရွာအတွင်းရှိ ကျောင်းတိုက်(၂၈) ကျောင်းမှ ကျောင်းထိုင်ဆရာတော်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင် ဂေါပကများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)