ကရသူရိမြို့တွင်  အသက် (၂)လမှ (၂)နှစ်အတွင်း ကလေးငယ်များအား EPI ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်

ကရသူရိ  ဩဂုတ်  ၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ကျေးလက်ကျန်းမာရေးဌာနရုံး၌ အသက် (၂)လမှ (၂)နှစ်အတွင်း ကလေးငယ်များအား EPI ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို တိုက်နယ်တာဝန်ခံဆရာဝန် ဒေါက်တာကျော်လင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အသက်(၂)လမှ (၂)နှစ်အတွင်း ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ပိုလီယိုစသည့် (၅)မျိုးစပ်ထိုးနှံပေးခြင်း၊ မိဘအုပ်ထိန်း သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးBooster Doseထိုးနှံပေးခြင်းနှင့်ရောဂါကြိုတင်ကာကွယ် ရေးနည်းလမ်းများကို ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)