မင်းတုန်း ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဖွင့်လှစ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်စီမံကိန်းဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာန အကြီးအကဲများတက်ရောက်ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား (၃၀)ဦး တက်ရောက်ကြပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံ သင်တန်းဖွင့်လှစ်ရခြင်းမှာ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိကာ မိသားစု၀င်ငွေတိုးပွားလာစေရန်နှင့် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသူများ အလုပ်အကိုင်ရရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းကာလ(၁၅)ရက် ကြာမြင့်မည်ဖြစ်ကြောကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)