ဝါးခယ်မမြို့ လှေကျင်းရပ်ကွက်နှင့် မြသိန်းတန်ရပ်ကွက်များသို့ ပုံစံ၆၆/၆လိုအပ်ချက်များနှင့် နိုင်ကတ်ထပ်သူများ၊ မွေးသက္ကရာဇ် မပြည့်စုံသူများအား ကွင်းဆင်းစစ်ဆေး

ဝါးခယ်မ  ဩဂုတ် 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်  လှေကျင်းရပ်ကွက်နှင့် မြသိန်းတန်ရပ်ကွက်များသို့ ပုံစံ၆၆/၆လိုအပ်ချက်များနှင့် နိုင်ကတ်ထပ်သူများ၊ မွေးသက္ကရာဇ်မပြည့်စုံသူများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်‌ဆေးမှုများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဆယ်အိမ်စုမှူးများ ပူးပေါင်းကွင်းဆင်း၍  Door to Door ကွင်းဆင်းဆောင်ရွက်ရာ ပုံစံ၆၆/၆လိုအပ်ချက်များ၊ နိုင်ကတ်ထပ်သူများ၊ မွေးသက္ကရာဇ် မပြည့်စုံသူများအား စစ်ဆေး၍ စာရင်းကောက်ယူကာ အမည်တစ်ခုလျှင် နိုင်ငံသာစိစစ်ရေး ကတ်ပြားတစ်ခုကိုင်ဆောင်နိုင်ရေး၊ အမည်မှန်ကန်မှုရှိစေရေး၊ မွေးသက္ကရာဇ်များ မှန်ကန်စေရေးနှင့် အသက်ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်နိုင်စေရေးအတွက် ကွင်းဆင်းစစ်‌ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း  (ဝါးခယ်မ ပြန်/ဆက်)