အမ်းခရိုင်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အမ်းမြို့ ဩဂုတ်  ၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်စီမံအုပ်ချုပ်ရေးချုပ်အဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က ၆၆/က စာရင်းရေးသွင်းရေးဆိုင်ရာကိစ္စရပ်များ၊ ပန်းခင်းစီမံချက်နှင့် လူဦးရေစာရင်း ပြစုနေမှုအခြေအနေများ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ မိုးစပါးစိုက်ပျိုးရေးကိစ္စများ၊ မြေလွတ်မြေရိုင်း၊ စားကျက်မြေပေါ် တရားမဝင် ကျူးကျော်နေထိုင်မှုများ မရှိစေရေး၊ နိုင်ငံ့ဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီး ဌာနဆိုင်ရာများအား မိမိတို့ဌာနအလိုက် မြို့နယ်မှ ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ချက်များဆွေးနွေးပေးကြရန်​ပြောကြားခဲ့သည်။

ဆက်လက်ပြီး အစည်းအ​ဝေးတက်ရောက်လာကြသော ဌာနအကြီးအကဲများက မြို့နယ်မှ ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်ချက်များအား ပေါင်းစပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း

မြို့နယ် ​ပြန်/ဆက်