ပုံပါကျင်မြို့၌စာဖတ်ရှိန်မြင့်တင်ရေး‌ ရွေ့လျားစာကြည့်တိုက် အဖြစ်နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့မလာ‌ရောက်နိုင်သည့် စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေရန်၊

ဆီဆိုင်မြို့နယ်၌ အသက်(၆)လနှင့် (၅)နှစ်အရွယ်ထိကလေးငယ်များအား ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဟိုခဲရပ်ကွက်အတွင်းရှိ အသက်(၆)လနှင့်(၅)နှစ်အရွယ်ထိ ကလေးငယ်များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ဗီတာမင် (A)နှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးအာဟာရပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်ဝသော အစားအသောက်များ စားသောက်သုံးစွဲတတ်စေရန်နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွာစေရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေး အာဟာရပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်ကြောင်း ကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုနှင့် ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၅)အခြေခံပညာ မူလတန်းကျောင်းတွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျောင်းသား/ကျောင်းသူ များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပပြုလုပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာ ရေးသီတင်းပတ် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က

ဒေးဒရဲမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းသားလူငယ်တစ်ရပ်လုံး ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုအလေ့အထများ ဖြစ်ပေါ်လာစေရန်၊ ကျန်းမာရေးနှင့် ပတ်သက်သော အလေ့အကျင့် ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ်အဖြစ် အာဟာရ မျှတစွာ စားသုံးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ(၂)နာရီခွဲက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သီပေါမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲ ပြုလုပ်ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် မှုခင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် မှုခင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေလည်(၁)နာရီအချိန်က အဆိုပါကျောင်းယုဇနခန်းမ၌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Subscribe to