နမ္မတူ ဩဂုတ် ၁၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာ ရေးသီတင်းပတ် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်အဖြစ် မူလတန်း အဆင့် စာစီစာကုံးပြိုင်ပွဲအားလည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲအားလည်းကောင်း ကျင်းပ ခြင်းဖြစ်ပြီး စာစီစာကုံးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ မူလတန်း အဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး၊ ကဗျာပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၀)ဦး ဝင် ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။
လူမော် (ပြန်/ဆက်)