လပွတ္တာ ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အမှာစကား ပြောကြားရာတွင် စိုက်ပျိုးရေးကိစ္စများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ လုံခြုံရေး ကိစ္စရပ်များ၊ မီးဘေး အန္တရာယ်ကိစ္စရပ်များ၊ ခိုးဝင်ဘင်္ဂါလီကိစ္စရပ်များ၊ အဝေးရောက် CDM ဝန်ထမ်းများ မိမိတို့သက်ဆိုင်ရာ နေရာ ဌာနများသို့ ပြန်လည်ဝင်ရောက်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ လူဦးရေစာရင်းများ စနစ်တကျစီမံ ဆောင်ရွက်ရေး၊ (၃)မိုင်မြို့ ဌာနဆိုင်ရာများ မိမိတို့ရုံးဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ရေး တို့ကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းအသီးသီးရှင်းလင်း တင်ပြမှုများအပေါ် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
လပွတ္တာခရိုင် (ပြန်/ဆက်)