ဖျာပုံမြို့နယ်တွင် အိမ်ထောင်စုလူဦးရေ စာရင်း (ပုံစံ-၆၆/၆)များကို Software Program ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များကို Software Program ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာများအရောက် လစဉ်တစ်လလျှင် (၁၀) ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်လျှက်ရှိပြီး ယမန်နေ့က ဆောက်ချုံကြီး ကျေးရွာအုပ်စု၊ ဆောက်ချုံကြီးဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

ကွမ်းခြံကုန်းမြို့နယ်၌ ဆေးဆိုင်များအား ဆေးဝါးများ စျေးနှုန်းမြှင့်တင်ရောင်းချမူမရှိစေရေး လိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်ခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်(၇) ဆိုင်အား ဆေးဝါးများစျေးနှုန်းမြှင့်တင် ရောင်းချမူမရှိစေရေးအတွက် ယမန်နေ့က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ဘက်စုံအရည်အသွေးမြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပညာရေးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

သိန္နီမြို့တွင် မော်တော်ဆိုင်ကယ်စီးနင်းသူများ စည်းကမ်းလိုက်နာစေရေး ရှောင်တခင်စစ်ဆေး ခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ပြည်သူများ မော်တော်ဆိုင်ကယ် စီးနင်းရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာစေရန်ရည်ရွယ်၍

မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဗလငါးတန်ပြည့်စုံဖို့ အာဟာရမျှတစွာ စားသုံးရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဗလငါးတန်ပြည့်စုံဖို့ အာဟာရမျှတစွာစားသုံးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။

ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ မြေနဲကြီးကျေးရွာတွင် ယနေ့နံနက် ၉ နာရီအချိန်တွင် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူးပြီး တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပပေးခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားသော "ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း" စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြည်သူများ၊ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှော ဖလှယ်တတ်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က စာရေးဆရာ နန္ဒာသိန်းဇံရေးသားသည့် "ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း" စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ပုံပါကျင်မြို့လူထုအခြေပြုဗဟိုဌာန(Community Certre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Certre) ခန်းမတွင်ယမန်နေ့က (Book Club)အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ စာရေးဆရာကောင်းမြတ်၏" ပွင့်သောပန်းတိုင်းမွှေးစေလို" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများ ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဌာနဆိုင်ရာအလိုက် ဘတ်ဂျက်ခွဲဝေငွေခွင့်ပြုမှုအရ ကဏ္ဍအလိုက်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ (လျာထား/ဆောင်ရွက်ဆဲ) လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လည် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to