ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုများပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုကို ယမန်နေ့နံနက်ပိုင်း က စတင်​ဆောင်ရွက်ခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျောင်း သား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၂၀၀)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး မင်းရဲဆည်ရေသောက်စနစ် မနော်ရာဇာလက်တံမြောင်းမှ တိုက်ရိုက်ရေပေးပြွန်(၃)လုံး ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများ ရေပေးဝေရာတွင် ပြည့်ဝစွာရေပေးဝေနိုင်ရေး တိမ်ကောနေသည့် မြောင်းကြမ်းပြင်များမှ မြေသားများတူးဖော်ပေးခြင်း၊ ရေပေးပြွန်များနှင့် ရေကျအဆောက်အဦများအား ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ(၂၀၀)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး မင်းရဲဆည်ရေသောက်စနစ် မနော်ရာဇာလက်တံမြောင်းမှ တိုက်ရိုက်ရေပေးပြွန်(၃)လုံးအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် နမ့်ဟောင်ဟူးချောင်းရေများတက်လာပြီး မိုင်းပန်မြို့နယ် နေရာဒေသတချို့၌ ရေများဖုံးလွှမ်း

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ယမန်နေ့ဩဂုတ်(၉)ရက်ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက်ပိုင်းတွင် နမ့်ဟောင်ဟူးချောင်း ရေများတက်လာကာ နေရာဒေသတချို့၌ ရေများဖုံးလွှမ်းလျက်ရှိပြီး

မင်းလှမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြော

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရဲတပ်ဖွဲ့က အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာအလယ်တန်း (လမ်းမတော်)ကျောင်း၌ ၂၀၂၂ -ခုနှစ်၊ ဒသမအကြိမ်မြောက်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မြစ်ကြီးနားမြို့နယ်အခြေခံပညာအဆင့်ပြိုင်ပွဲများ ပြုလုပ်ကျင်းပမှုကို တက်ရောက်အားပေးဆုချီးမြှင့်

ကချင်ပြည်နယ်အနေဖြင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြု လုပ်နိုင်ရေး မြို့နယ်အဆင့်ပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ မြစ်ကြီးနားမြို့နယ် အခြေခံပညာအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို သြဂုတ် ၁၀ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

မိုင်းငေါ့မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးမိုဘိုင်းစနစ်ဖြင့် အခြေခံပညာ‌ကျောင်းများသို့ စာအုပ်စာစောင်များသွား‌ ရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများအသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေ၏ အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်(၆)တိုက်သို့ သုတ/ရသစာအုပ်များလှူဒါန်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ပေးအပ်လှူဒါန်းသော သုတ/ရသစာအုပ်များကို ကျေးရွာစာကြည့်တိုက်(၆)တိုက်သို့ ထပ်ဆင့်လှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to