ပုံပါကျင်မြို့၌စာဖတ်ရှိန်မြင့်တင်ရေး‌ ရွေ့လျားစာကြည့်တိုက် အဖြစ်နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပုံပါကျင် ဩဂုတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့မလာ‌ရောက်နိုင်သည့် စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များ အကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြား တတ်စေရန်နှင့် စာဖတ်သည့်အလေ့အထ‌ ကောင်းများရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီခွဲကရွေ့လျားစာကြည့်တိုက်အဖြစ် နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း (၈၅)အုပ်ကိုသယ်ဆောင်၍ အမှတ်(၂)ရပ်ကွက်ရှိ စာဖတ်ပရိသတ်များထံ‌ရွေ့လျားစာကြည့် တိုက်အဖြစ် နယ်လှည့်ကွင်းဆင်းဆောင်ရွက်ကာ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဖြူနိုင်(ပြန်/ဆက်)