သီပေါမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲ ပြုလုပ်ကျင်းပ

သီပေါ ဩဂုတ် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်စိုးဝင်းက  အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဦးတည်ချက်(၄)ရပ်ဖြင့် ကျင်းပရခြင်း ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးထိန်လင်းက ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကိုရှင်းလင်း ပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲကိုကျင်းပကြခဲ့သည်။

ပြိုင်ပွဲတွင်အသက်(၁၁)နှစ်မှ (၁၅)နှစ်အတွင်းအမျိုးသမီး ကဗျာလွတ်အကယှဉ်ပြိုင်ခြင်း၊ အခြေခံပညာအဆင့် အသက်(၁၆)နှစ်မှ(၂၀)နှစ်အတွင်း အမျိုးသမီးခေတ်ဟောင်း ကာလပေါ်တေး အဆိုယှဉ်ပြိုင်ခြင်း၊ အခြေခံပညာအဆင့်အသက် (၁၁)နှစ်မှ (၁၅)နှစ်အတွင်း အမျိုးသမီးအကယှဉ်ပြိုင်ခြင်း၊ အခြေခံပညာအဆင့် အသက်(၁၆)နှစ်မှ (၂၀)နှစ်အတွင်း အမျိူးသမီးအက ယှဉ်ပြိုင်ခြင်း၊ အခြေခံညာအဆင့် အသက်(၁၆)နှစ်မှ(၂၀)နှစ်အတွင်း အမျိုးသားခေတ်ဟောင်း ကာလပေါ်တေးအဆိုယှဉ်ပြိုင်ခြင်း၊ အခြေခံပညာအဆင့် အသက်(၁၁)နှစ်မှ (၁၅)နှစ်အတွင်း အမျိုးသမီးခေတ်ဟောင်း ကာလပေါ်တေး အဆိုယှဉ်ပြိုင်ခြင်း၊ ဝါသနာရှင်အဆင့် ဒုတိယတန်း ခေတ်အကြိုက် အမျိုးသမီးအဆိုများဖြင့် အသီးသီးပါဝင် ယှဉ်ပြိုင် ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများကို သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များကပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့် ဆုရပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများမှ ခရိုင်အဆင့်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း မြို့နယ်ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)