ဆီဆိုင်မြို့နယ်၌ အသက်(၆)လနှင့် (၅)နှစ်အရွယ်ထိကလေးငယ်များအား ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေး

ဆီဆိုင်   ဩဂုတ် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဟိုခဲရပ်ကွက်အတွင်းရှိ အသက်(၆)လနှင့်(၅)နှစ်အရွယ်ထိ ကလေးငယ်များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ဗီတာမင် (A)နှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အာဟာဆေးတိုက်ကျွေးပေးရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက အသက်(၂)နှစ်နှင့် အထက် ကလေးငယ်များကို သံချဆေးများတိုက်ကျွေးပေးပြီး၊ အသက်(၆)လမှ (၅)နှစ်အရွယ်ထိ ကလေးငယ်များအားပေါင်ချိန်ခြင်း၊ အာဟာရပြည့်မပြည့်တိုင်းတာခြင်း၊ ဗီတာမင်(A)တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အာဟာဆေး ဗီတာမင် (A)နှင့် သံချဆေးတိုက်ကျွေးပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထားဦးနှင့် အဖွဲ့ဝင်တို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)