မိုင်းခုတ်မြို့၊ နောင်တုံကျေးရွာနှင့် နောင်ပွန်းကျေးရွာ၌ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေး

မိုင်းခုတ် ဩဂုတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနသည် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲက နောင်တုံကျေးရွာနှင့် နောင်ပွန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်း များက သုတ၊ ရသစာအုပ်များကို သယ်ဆောင်၍ ကျေးရွာနေ ပြည်သူများထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်း၊ အသင်းဝင်အဖြစ် လက်ခံဆောင်ရွက်ပေးခြင်းနှင့် ယခင် အပတ် ငှားရမ်း ထားသော စာအုပ်၊ စာစောင်များအား လက်ခံဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် မြို့ပေါ်နေပြည်သူများ သာမက ကျေးရွာနေပြည်သူများပါ စာအုပ်၊ စာပေမှ ရရှိသော ဗဟုသုတများဖြင့် အမှားနှင့် အမှန်ဝေဖန် ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့် အလေ့အထများရရှိစေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်ကာ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)