ရွှေဘိုတက္ကသိုလ်တွင် အသိပညာဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ဟောပြောဆွေးနွေးပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေဘိုတက္ကသိုလ်တို့ပူးပေါင်းကာ၊ အသိပညာဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက အဆိုပါတက္ကသိုလ်ရှိ ရတနာသိင်္ခခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။