ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ပေါက်ခေါင်းမြို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင် ဦးဆောင်၍ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်မြို့နယ်စိုက်ပျိုး‌ ရေးဦးစီးဌာနဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ် ရှေ့ဦးပြုစုခြင်း သင်တန်းအမှတ်စဉ် (၅/၂၀၂၂) သင်တန်းဆင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းက ကြီးမှူး၍ ထိခိုက်ဒဏ်ရာရှေ့ဦးပြုစုခြင်းသင်တန်းအမှတ်စဉ် (၅/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မဂ္ဂင်ရပ်ကွက်၊ သီတဂူဓမ္မဝိဟာရ‌ကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ မဟာဗောဓိဘုရားကြီးအား လာရောက်ဖူးမြော်လေ့လာနိုင်

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသ ပုဂံမြို့ဟောင်းရှိ မဟာဗောဓိဘုရားကြီးအား လာရောက်လေ့လာဖူးမြှော်နိုင်ပြီး ပုရားကြီးဗိသု ကာလက်ရာ၊ အင်းဝခေတ်နံရံဆေးရေးမင်စာများနှင့် ဘုရားကြီးတည်ဆောက်ထားပုံများကို လာရောက်လေ့လာနိုင်ကြောင်း မဟာဗောဓိဘုရား ဂေါပက အဖွဲ့ထံကသိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ နောင်ဘိုကန်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၃၅၀)သန်းဖြင့်ဆောင်ရွက်သည့်

မိုင်းယောင်း၌ ဒေသခံတောင်သူများကို အကျိုးအမြတ်ရရှိစေမည့် ဝမ်မိုင်ရေလွှဲဆည် ဆောင်ရွက်ပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဒေသခံတောင်သူများကို အကျိုးအမြတ်ရရှိစေမည့် သီးနှံအထွက်နှုန်းရရှိစေရေးအတွက် ဝမ်မိုင်ရေလွှဲဆည် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်းအောင်နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ (၅) နှစ်အောက်ကလေးငယ်များ အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု ပြုလုပ်ဆောင်ရွက်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဟိုပန်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ အသက်(၅)နှစ်အောက် ကလေးငယ် များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းက ဟိုပန်မြို့ရှိ မူလတန်းကြိုကျောင်းများ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကော့ကရိတ်မြို့၌ ရဟန်းသာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ဝါတွင်းကာလ (လပြည့်လကွယ်) နေ့များတွင် မြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းအထောက်အပံ့ဖြစ်စေရေးအတွက် ဆွမ်းဆန်စိမ်း​လောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီချိန်က အမှတ် (၆) ရပ်ကွက်ရှိ ဇိနသုခလောကသရဖူစေတီတော်ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် (၉) နာရီက ကျောင်းသား/သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဒုတိယအပတ်အဖြစ် အသက် (၆)လမှ (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲ ပြုလုပ်

ရေးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ကျရောက်လာနိုင်သည့် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to