ကျား၊ မအခြေပြု အကြမ်းဖက်မှု အသိပညာပေး Talk Show ကျင်းပ

ပုဗ္ဗသီရိ ဩဂုတ် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျား၊ မအခြေပြုအကြမ်းဖက်မှု အသိပညာပေး Talk Show  ကိုယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က ကျား၊ မရေးရာ Gender အကြောင်း၊ ကျား၊ မရေးရာကို လူမှုရေးအရပတ်သက်ပုံအကြောင်းများ၊  အမျိုးသား၊ အမျိုးသမီး တာဝန်ခွဲဝေမှုအကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံအတွင်းမှာရှိတဲ့လူအားလုံးကို မည်သူကိုမျှ ခွဲခြားဆက်ဆံခြင်း၊ နောက်ချန်ထားခဲ့ခြင်းမရှိဘဲ အားပြည့်အင်ပြည့်စွမ်းအားထုတ်ပြီး အလုပ်လုပ်ဖို့အပ်ကြောင်း၊ ကျား၊ မခွဲခြားဆက်ဆံမှုဆိုတာ လူအသိုင်းအဝိုင်းမှာခြလိုစားနေတဲ့ အရာတစ်ခုဖြစ်ကြောင်း၊ ကျား၊ မ မခွဲခြားဘဲ တာဝန်ကို ဦးထမ်းပဲ့ထမ်း အတူတူထမ်းရွက်ကြရန်လိုအပ်ကြောင်း၊ ကျား၊ မအခြေပြုအကြမ်းဖက်မှု ဖြစ်ပွားရတဲ့အကြောင်းများ၊ ကျား၊ မအခြေပြုအကြမ်းဖက်မှုနှင့်ပတ်သက်သည့် အကြောင်းများ ဆွေးနွေးခဲ့ကြသည်။

"ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ် များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ Talk Show အပြည့်အစုံကို ပုဗ္ဗသီရိမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တွင်ကြည့်ရှုနိုင်ကြောင်း" မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မျိုးသီဟ (ပြန်/ဆက်)