သရက်ချောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားကျောင်းပေါင်းစုံ အမျိုးသမီးဖူဆယ်ဘောလုံး ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်သော အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အမျိုးသမီးဖူဆယ်ဘောလုံးဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရသည်။