လောင်းလုံး သြဂုတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community centre)တွင် ဥပုဒ်နေ့ကျောင်း ပိတ်ရက်အတွင်း ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အရောင်အသွေးခွဲခြားတတ်စေရန်အတွက် ရည်ရွယ် ၍ စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သိန်းသိန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြား၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်ကာ ဆုရရှိသူများအားဆုများနှင့် အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်၍ နံရံကပ်စာစောင်များကို ပြသကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)