မိုင်းယောင်း ဩဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ အမှိုက်များကို စနစ်တကျစွန့်ပစ်စေရေးအတွက် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းအသိပညာပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် နမ့်မိန်ချောင်းအတွင်း အမှိုက်မစွန့်ပစ်ကြရန် ချောင်းကမ်းနံဘေးနေထိုင်ကြသည့် အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးစိုင်းဘွန်းစီ၊ စည်ပင်သာယာရေးဌာန မြို့နယ်ဦးစီးမှူး ဦးအားထူယာနှင့်တာဝန်ရှိသူများက တစ်အိမ်တက်ဆင်း လိုက်လံအသိပညာပေး ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)နှင့် တာဝန်ရှိသူများသည် မိုင်းယောင်း-မိုင်းယုကားလမ်းမဘေး မြို့ပြင်ရှိအမှိုက်ပုံအား စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း