တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းအောင် တောင်ငူမြို့ရှိ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုကာ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

တောင်ငူ  သြဂုတ်  ၁၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းအောင်သည် ယနေ့နံနက်ပိုင်း က တောင်ငူမြို့သို့ ရောက်ရှိကာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တောင်ငူမြို့အတွင်း  ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဆွေးနွေးပွဲပြုလုပ်သည်။

တွေ့ဆုံပွဲ၌ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောလင်းအောင် က တောင်ငူမြို့နယ်အတွင်း ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အမှတ် ရပ်ကွက် ဗိုလ်မှူးဖိုးကွန်းလမ်းဘေး၌ အသစ်တည်ဆောက်မည့် 3D အဆင့်မြင့်ရုပ်ရှင်ရုံ အဆောက်အဦနှင့် လုပ်ငန်းလျာထားချက်များအား ကောင်းမြန်မာအောင်ကုမ္ပဏီလီမိတက်မှ တာဝန်ခံများက ရှင်းလင်းတင်ပြသည်။ ယင်းနောက် သက်ဆိုင်ရာဌာနများက ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးစောလင်းအောင် က ဖြည့်စွက်ပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းအောင် သည် တောင်ငူမြို့ အမှတ် ()ရပ်ကွက် ဗိုလ်မှူးဖိုးကွန်းလမ်းဘေး၌ အသစ်တည်ဆောက်မည့် 3D အဆင့်မြင့်ရုပ်ရှင်ရုံ မြေနေရာဧရိယာအတွင်း  လုပ်ငန်းအလိုက် ဆောင်ရွက်ရန်လျာထားချက်များအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)