လက်ပံတန်း ဩဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါး ၁၀၁၈၃၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်များထက် မိုးအနည်းငယ် လျော့နည်းရွာသွန်းခဲ့သော်လည်း လက်ရှိအခြေအနေတွင် မိုးရေပြည့်စုံ၍ မိုးစပါးစိုက်ခင်းများ ကောင်းမွန်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးပြီးဖြစ်သော မိုးစပါးစိုက်ခင်းများ အောင်ရေထိန်းသိမ်းရန် ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့များမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း က လက်ပံတန်းမြို့ ဂွေးတောက်ကွင်းအုပ်စု၊ ဂွေးတောက်ကွင်း အလယ်စုကျေးရွာကွင်းအမှတ် (၁၁၅၈)ရှိ တောင်သူ ဦးတင်ဝင်း၏ မိုးစပါးဧက (၅၀)စိုက်ခင်းတွင် ပေါင်းနှုတ်တမန်းနှိုးခြင်း၊ ကန်သင်းဆင့်ခြင်း၊ ကတွတ်ပေါက်ပိတ်ခြင်း၊ ထူးပေါက်ပိတ်ခြင်းစသည့် အောင်ရေထိန်းလုပ်ငန်းများ ဆောင်ရွက်မှုကို သာယာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေး ကြည့်ရှုအားပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က လိုအပ်သည်များကို လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)