ရေဖြူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ရေဖြူ ဩဂုတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် မိုးဦးကျရာသီတွင် ဖြစ်ပွားတတ်သော‌ သွေးလွန်တုပ်ကွေးရောဂါအား ကြိုတင်ကာကွယ်တားဆီးရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် လူ‌နေအိမ်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နေ့လယ် ၁ နာရီက ရေဖြူမြို့ (က+ခ) ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်လင်းနိုင်ဦးဆောင်၍ မြို့မယ်ရဲတပ်ဖွဲ့မှူးရဲမှူး လှနောင်နှင့်‌ထွေအုပ် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအမှု‌ဆောင် အရာရှ ဦးဝင်းရွှေနှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုအသင်းအဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ နှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့ ပူးပေါင်းပြီး (က+ခ) ရက်ကွက်ရှိ နေအိမ်များ၌ ရေသိုလှောင်ကန်များ၊ ရေစည်များနှင့် ဘုရားပန်းအိုးများတွင် ခြင်မှတစ်ဆင့် ပေါက်ပွားလာသည့် ပိုးလောက်လမ်းများ မရှိစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းများကို လိုက်လံဆောင်ရွက်ပေးပြီး ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါမ ကြိုတင်ကာကွယ်နိုင်ပြီး ခြင်ပေါက်ဖွားနှုန်းကို ကျဆင်းနိုင်ကြောင်း အသိပညာပေး‌ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ခတ္တာ