နွားထိုးကြီး ဩဂုတ် ၁၁
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ နေထိုင်သော မိဘပြည်သူများစားသုံးဆီကို ဈေးနှုန်းသက်သာ စွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၏ စီမံဆောင်ရွက်သည့် စီစဉ်မှု၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးသန်းအေးနှင့်အဖွဲ့သည် စားသုံးဆီများကို မိဘပြည်သူများလက်ဝယ်သို့ သက်သာသော ဈေးနှုန်ထားတို့ဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှစတင်၍ အမှတ်(၂)ရပ်ကွက်အတွင်းရှိ မြေလွှာဆီ၌ ဆီ (၁) ပိဿာကို ငွေကျပ် ၅၄၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သည်။
စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် လူ(၁)ဦးလျှင် ဆီ(၁)ပိဿာနှုန်းဖြင့် ယနေ့တွင် ဆီပိဿာချိန် (၁၈၀၀) ကို ရောင်းချပေးခဲ့ပြီး၊ စတင်ရောင်းချပေးခဲ့သည့် ဩဂုတ်လ ၉ ရက်နေ့ မှ ယနေ့အထိ ဆီပိဿာချိန် စုစုပေါင်း (၆၅၀၀) ပိဿာကို မိဘပြည်သူများ၏ လက်ဝယ်သို့ အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်