ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဩဂုတ် ၁၀ ရက်နေ့ မွန်းလွဲပိုင်းက စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။

ပွင့်ဖြူမြို့နယ်တွင် ရာသီစာငှက်ပျောမှိုများ ပေါ်ဦး ပေါ်ဖျား တစ်ပိဿာ ငွေကျပ် ၈၀၀၀ ဈေးနှုန်းရှိပြီး မှိုရှာဖွေရောင်းချသူများ မိသားစုအပိုဝင်ငွေ ရရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုလို မိုးရာသီကာလ ငှက်ပျောစိုက်ခင်းများ၌ သဘာဝအလျောက် ပေါက်လေ့ရှိသည့် ငှက်ပျောမှိုများကို ရာသီစာအဖြစ် ဒေသခံပြည်သူများက ဝယ်ယူစားသုံးကြသဖြင့် ငှက်ပျောမှိုရှာဖွေ ရောင်းချသူများ ပေါ်ဦးပေါ်ဖျား တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀ ဈေးနှုန်းဖြင့် ရောင်းချနေရသဖြင့် မိသားစုအပိုဝင်ငွေ ရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးသူငယ်အခွင်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ပြုလုပ် ဆောင်ရွက်ခဲ့သည်။

မရမ်းကုန်းမြို့နယ်တွင် ကျန်းမာရေးနှင့်ညီညွှတ်မှုမရှိသော ဆိုးဆေးငရုတ်သီးမှုန့် (၄၇)အိတ်အား စနစ်တကျ မြှုပ်နှံဖျက်ဆီး

ပြည်သူများကျန်းမာရေးနှင့်ညီညွတ်သော အန္တရာယ်မရှိသည့် စာသုံးကုန်းများဝယ်ယူသုံးစွဲနိုင်ရေးအတွက် တာဝန်ရှိသူများကစနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် ကံ့ကော်လမ်းကြီး အမှတ်(၃)တွင် ဖွင့်လှစ်ထားသော ကုန်မျိုးစုံဆိုင်အား မြောက်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေး (YCDC)အဖွဲ့က ဦးဆောင်၍ သြဂုတ်လ၃ရက်နေ့တွင် ကျန်းမာရေးနှင့်ညီညွှတ်မှု ရှိ/မရှိ စစ်ဆေးရန်ယူဆောင်သွားသော ငရုတ်သီးမှုန့်များတွင် ဆိုးဆေးများရောနှောထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်အတွင်းရှိ ငရုတ်သီးမှုန့် (၄၇)အိတ်အား ယမန်နေ့မွန်းလွဲ (၂:၀၀) နာရီအချိန်က ရိုးကြီးချောင်းဘေး ကားကြီးပါကင်တွင် မြေကျင်းတူး၍ စနစ်တကျမြှုပ်နှံ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise နှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise နှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်မှုများကို ဩဂုတ်(၁၂)ရက် နံနက် (၈)နာရီက အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သံတောင်ကြီးမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ချေးငွေများထုတ်ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေ လွှဲပြောင်းပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀) နာရီက ကျေးမင်းကျေးရွာ ဘုရားကျောင်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းကျန်းမာရေး သင်တန်းကို ယမန်နေ့နံနက်( ၉)နာရီ က လှည်းကူးမြို့နယ် (မြို့မ) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်တွင်  ဘူး သီးနှံ ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျောက်တန်းကျေးရွာမှ တောင်သူများသည် ဟင်းသီးဟင်းရွက် သီးနှံပင်များ စိုက်ပျိုး လုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် ဘူးပင်များ စိုက်ပျိုးပြီး ဈေးကောင်း ရရှိနေသောကြောင့်   အဆင်ပြေလျက်ရှိကြကြောင်း  သိရသည်။

မိတ္ထီလာမြို့နယ်တွင် ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲစေခြင်းအားဖြင့် သဘာဝတောများပျက်စီးပြုန်းတီးမှု တဖြည်းဖြည်းလျော့နည်းသွားစေရန် ထင်းအစား အခြားလောင်စာသုံး စံပြကျေးရွာအဖြစ်တည်ထောင်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲစေခြင်းအားဖြင့် သဘာဝတောများပျက်စီးပြုန်းတီးမှု တဖြည်းဖြည်းလျော့နည်းသွားစေရန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ညောင်အိုင်ကျေးရွာအား ထင်းအစား အခြားလောင်စာသုံးစံပြကျေးရွာတည်ထောင်ထားကြောင်း သိရသည်။

လှည်းကူးမြို့နယ်၊ မေဃဝတီကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်ရှိ မေဃဝတီအခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်စေရန်နှင့် ခြင်အန္တရာယ်ကင်းရှင်းစေရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နံနက် (၉)နာရီကဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to