သံတောင်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးသူငယ်အခွင်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

သံတောင်ကြီး ဩဂုတ် ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီမှူး နော်လော်မူက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းက ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံလျှင် တိုင်ကြားမည့်နေရာများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်၊ ကလေးသူငယ် အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသူများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်က ထူးခြားချက်များ၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်တွင်ပါသော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူလူထုအသိပညာ ဗဟုသုတရရှိစေရန်အတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်လော်မူ