လှည်းကူးမြို့နယ်၊ မေဃဝတီကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်

လှည်းကူး   သြဂုတ်  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်ရှိ မေဃဝတီအခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်စေရန်နှင့် ခြင်အန္တရာယ်ကင်းရှင်းစေရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နံနက် ()နာရီကဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့တို့က သာသနာ့ရိပ်သာရပ်ကွက်ရှိ မေဃဝတီအခြေခံပညာ အလယ်တန်းကျောင်းဝန်းအတွင်းရှိ စာသင်ခန်းများ၊ နားနေဆောင်များနှင့် အိမ်သာများအတွင်း ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)