လှည်းကူး သြဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းကျန်းမာရေး သင်တန်းကို ယမန်နေ့နံနက်( ၉)နာရီ က လှည်းကူးမြို့နယ် (မြို့မ) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုးတွင်းကာလဖြစ်သည့် အတွက်ကြောင့် ကျောင်းသား/သူများအား ကျန်းမာရေးဂရုပြုဆောင်ရွက်ရန်၊ အာဟာရပြည့်စုံစွာ စားသောက်ရေး၊ ကျောင်းတွင်း/ပြင် သန့်ရှင်းသာယာရေး အထူးဂရုပြုဆောင်ရွက်ရန်နှင့် သန်ချဆေးကို ကျောင်းသား/သူတိုင်း မပျက်မကွက်တိုက်ကျွေးရန် စသည့်အကြောင်းအရာများကို ဆွေးနွေးပို့ချခဲ့ပြီးနောက် သင်တန်းတွင် လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများနှင့် KG ဆရာ/ဆရာမများ စုစုပေါင်း (၄၃၅)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)