ကြံခင်း ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဩဂုတ် ၁၀ ရက်နေ့ မွန်းလွဲပိုင်းက စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေး ဟောပြောခြင်းကို ကြံခင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ (တာဝန်ခံ) ဦးကျော်နိုင်ဝင်းက ကုန်စည်အုပ်စု၊ ကုန်အညွှန်းအမှတ်အသားများ၊ ပြုပြင်မွမ်းမံပြီး၊ ပြုပြင်ပြောင်းလဲပြီး ရောင်းချမှုများ၊ အချိုမှုန့်အန္တရာယ်နှင့် ပတ်သက်သည့်အချက်များ၊ တားမြစ်ထားသည့် ကုန်အညွှန်းအမှတ် အသားများနှင့် ကုန်ညွှန်းအမှတ်အသားဆိုင်ရာအချက်များ၊ စားသုံးသူအကျိုးစီးပွား ထိခိုက်နစ်နာမှု(၃)ချက်၊ နစ်နာခဲ့လျှင် (CICC)တွင် အရေးဆို တိုင်ကြားနိုင်ခြင်းများကို အသိပညာပေးဟောပြောခဲ့သည်။
ဟောပြောပွဲသို့. မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးကျော်နိုင်ဝင်း၊ မြို့ပေါ်ရပ်ကွက်များရှိ လုပ်ငန်း ရှင်နှင့် ပြည်သူများ တတ်ရောက်ကြကြောင်းနှင့် တတ်ရောက်လာသူများအား စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)