မိုင်းငေါ့မြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က အ.မ.က မန်လုံကျောင်းသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်

တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာအုပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်ငှားရမ်းပေးခြင်းတို့ကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်းသိရသည်။

အင်္ဂပူမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် ထူးခွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး‌ ကျောင်းများနှင့် ထူးခွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မန် နေ့လယ်ပိုင်းက အင်္ဂပူမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငါ့သရောက်မြို့ ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကလေများအား ကဗျာရွတ်၊ ပုံပြော၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကလေးများအား ကဗျာရွတ်၊ ပုံပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုးကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကမမောင်းမြို့ (အမှတ်-၃)ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုးကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။

လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးရာသီတစ်ဧကတင်း(၁၀၀) နှုန်းထွက်ရှိရေး စံပြကွက်ဧက (၁၀၀) အတွက် သွင်းအားစုပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းအုပ်စု၊ ရာဇသင်္ဂ လမ်းဘေးရှိ စိုက်ပျိုးရေးဌာနရှင်းလင်းဆောင်၌ ၂၀၂၂- ၂၀၂၃ ခုနှစ် မိုးရာသီတစ်ဧကတင်း (၁၀၀)နှုန်းထွက်ရှိရေး စံပြကွက်ဧက (၁၀၀)အတွက်

မိုင်းယုမြိုရှိ နေကြာသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများရရှိစေရန် ကွင်းဆင်းအသိပညာပေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြိုနယ်၊ မိုင်းယုမြို့တွင် နေကြာသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများရရှိစေရန်အတွက် ယနေ့နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာအနီးရှိ တောင်သူဦးကိုစိုင်း၏ ယာခင်းရှိနေကြာစမ်းသပ်စိုက်ကွင်းသို့ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် တာဝန်ရှိသူများက တောင်သူများကို ကွင်းဆင်းအသိပညာပေးခဲ့သည်။

ဖြူးမြို့နယ် Community Centre တွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး Talk Show ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ မိုးရာသီကာလတွင် ခြင်ကြောင့်ဖြစ်ပွားစေသော သွေးလွန်တုပ်ကွေးရောဂါအကြောင်း ပြည်သူများ သိရှိစေရေးအတွက် ရည်ရွယ်ကာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး Talk Show ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ကြွက်အန္တရာယ်ကြိုတင်ကာကွယ်နှိမ်နင်းနိုင်ရေး တောင်သူပညာပေးဆွေးနွေးပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ကျမိုင်းကျေးရွာတွင် ယမန်နေ့နံနက် (၁၀)နာရီက ဒေသခံတောင်သူများ ကြွက်အန္တရာယ်ကြိုတင်ကာကွယ်နှိမ်နင်း နိုင်ရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ချင်းပြည်နယ်၊ ဟားခါးမြို့၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနား (၂၀၂၂)ကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
Subscribe to